Thursday, 4 August 2016

မေ့လိုက်ပြီဆိုတာ သေချာပြီလား





သင်ဟာ ထက်မြက်သွက်လက်တယ်။ ဆွဲဆောင်မှုရှိတယ်။ အတွေးကောင်းတယ်။ ဒါပေမဲ့ သင်ဟာ ဘာ့ကြောင့် အချစ်သစ်ကိုမရှာဖွေနိုင်သေးတာလဲ။ သင့်သူငယ်ချင်းတွေကသင့်ကို ပြောင်းလဲစေချင်နေပြီ။ မပြောင်းလဲနိုင်သေးတာ သင်တစ်ယောက်တည်းဖြစ်နေတယ်လေ။ အဲဒါဘာလို့လဲ ဆိုတော့ အချစ်ဟောင်းနဲ့ လမ်းခွဲပြီးပြီ ဆိုပေမယ့်လည်း သင့်စိတ်တွေက အချစ်ဟောင်းဆီကနေမခွာနိုင်သေးလို့ပေ့ါ။

သင့်အချစ်ဟောင်းကသင့်စိတ်ထဲမှမရှိတော့ဘူးဆိုရင် နောက်ချစ်သူအသစ်နဲ့ သင်ဟာ ပျော်နိုင်မှာပါ။ ကဲ... ဒီလိုဆိုရင် အချစ်သစ် ကိုတွေ့ရှိခံစားဖို့အခွင့်အရေးတွေ ကိုလက်လွတ် ခံမှာလား။ အချစ်သစ်ဆိုတာကိုနှလုံးသားမှခံစားရအောင်လေ။

သင့်ချစ်သူနဲ့ လမ်းခွဲပြီးပြီဆိုရင် သူနဲ့ ပတ်သက်သမျှကို သင့်အဘိဓာန်ထဲက နေထုတ်ပစ်လိုက် ပါ။ သူနဲ့အတူရှိနေခဲ့တဲ့အချိန်တွေကို ပြန်ပြီးသတိရနေဦးမယ်ဆိုရင် သင့်စိတ်ထဲမှာ သူကနေရာ ယူထားတာ ပဲပေ့ါ။ သူ့အကြောင်း မကောင်းတာအတင်းပြောမိတာပဲဖြစ်ဖြစ်၊ ကောင်းတာမျိုးချီးမွမ်းမိတာပဲဖြစ်ဖြစ် သူဟာသင့်စိတ်ထဲမှာရှိနေသေးလို့ပါ။

ကိုယ့်အလုပ်အတွက် တစ်ခုခုဆုံးဖြတ်ရဖို့ကြုံလာတဲ့အခါမှာ ဖုန်းဆက်တိုင်ပင်ဖို့ အရင်ဦးဆုံး သတိရမိတဲ့သူ ဟာသင့်အချစ်ဟောင်းဖြစ်ပေမယ့်လည်း ဖုန်းမဆက်မိစေဖို့သတိရှိပါ။ သူ့ဆီဖုန်းခေါ်မယ့်အစား သူငယ်ချင်းတွေဆီဖုန်းခေါ်ပြီး ပြောပြတိုင်ပင်လိုက်ပါ။ အစီအစဉ်များချမှတ်ဖို့အတွက် အကြံဉာဏ် တောင်းစရာရှိရင် အချစ်ဟောင်း ကိုသတိရမိ တဲ့အခါ သတိရစိတ်ကိုဖျောက်ဖျက်ပစ်ပြီး အခြားသူများထံ မှသာ အကြံဉာဏ် ၊ ထောက်ခံမှုများကိုရယူပါ။

အချစ်ဟောင်းနဲ့ ပတ်သက်သမျှ စာ၊ ဓါတ်ပုံ၊ ဗယ်လင်တိုင်းလက်ဆောင်ဝက်ဝံရုပ်ေလး တွေ အားလုံးကို သင်မမြင်နိုင်တဲ့နေရာမှာ သိမ်းဆည်းထားလိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် လွှင့်ပစ်လိုက်ပါ။ သင့်ဖုန်းထဲမှာ ကျန်ရှိနေတဲ့ အချစ်ဟောင်းရဲ့ဖုန်းနံပါတ် ၊ အသံမေးလ် တို့အားလုံးကိုဖျက်ပစ်လိုက်ပါ။ အတိတ်က အသံတွေဟာ သင့်ကို ရှေ့ဆက် လျှောက်ဖို့ အနှောက်အယှက် အနည်းငယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အတိတ်က အရာမှန်သမျှ ကို သင့်စိတ်ထဲကနေအပြီးတိုင်ထုတ်ပစ်ဖျက်ဆီးလိုက်ပါ။ အချစ်ဟောင်းနဲ့ နှစ်ယောက်အတူဆိုညည်းဖူးတဲ့သီချင်းလေးကိုပြန်ကြားရင်ဖြစ်ဖြစ်၊ အချစ်ဟောင်းကြိုက်နှစ်သက်တဲ့ အစားအစာတွေကိုမြင်ရင် မငိုမိဘဲနေနိုင်မှာမဟုတ်ပါဘူး။ ရင်ထဲမှာ ဘာမှမခံစားရသလိုလည်းနေနိုင်မှာမဟုတ်ပါဘူး။ ငိုချင်ရင်တခဏသာငိုလိုက်ပါ။ ဝမ်းနည်းစေတဲ့အတွေးတွေကို အောင်မြင်နိုင်နင်းအောင် ကြိုးစားလိုက်ပါ။

အချစ်သစ်ရှာတွေ့သွားပြီဖြစ်တဲ့ အချစ်ဟောင်းအပေါ်မှာသဝန်တိုနေမိဦးမယ်ဆိုရင် သင်ဟာ အချစ်ဟောင်း အပေါ်မှာ ရာနှုန်းပြည့်တွယ်ငြိနေတုန်းပဲပေ့ါ။ သူအချစ်သစ်နဲ့ပျော်နေတာကို သင်ကဘယ်လိုမှ ဝမ်းနည်းမှု မျိုးမခံစားရဘဲ သူ့အတွက်ပျော်ရွှင်ပေးနိုင်တယ်ဆိုရင် သင်လည်းသူ့လိုပဲ အချစ်သစ်နဲ့ပျော်ရွှင်ရမှာပါ။

သင့်ရဲ့ အချစ်သစ်ကို အချစ်ဟောင်းနဲ့ ဘယ်တော့မှမနှိုင်းယှဉ်မိအောင်ကြိုးစားနေပါ။
အချစ်သစ်နဲ့အတူရှိနေခိုက်လေးမှာ အချစ်ဟောင်းနဲ့တုန်းကဆိုရင် ဘယ်လို ဆိုတာမျိုး အတွေး ထဲမှာမပေါ်လာအောင် ကြိုးစားထိန်းသိမ်းပြီး အချစ်ဟောင်း ရဲ့ပုံရိပ်တွေ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားအောင်ကြိုးစားပါ။

သင့်ဘေးနားမှာတစ်ယောက်မှရှိမနေရင်တောင် အထီးကျန်တဲ့ စိတ်ခံစားမှုမျိုး မခံစားမိ လေ အောင်ကြိုးစားပါ။ စနေ ၊ တနင်္ဂနွေ အားလပ်ရက်တွေကို တစ်ယောက်တည်း ဖြတ်သန်း ကုန်ဆုံးရတဲ့အခါမှာ အထီးကျန်ဆန်မနေဘူးဆိုရင် ၊ အေးချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် မယ်ဆိုရင် သင်ဟာ အချစ်ဟောင်း ကိုစွန့်လွှတ်လိုက်ရတဲ့အတွက် ထိခိုက်ဆုံးရှုံးမှုမျိုး ဘာမှမဖြစ်ဘူးဆိုတဲ့ သဘောပဲပေ့ါ။

တစ်ယောက်တည်းနေရတာဟာ တစ်ခါတစ်ခါမှာ နှစ်ယောက်ထက်တောင်ပို ကောင်းပါ သေးတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်လုပ်ချင်ရာ လေးတွေလုပ်လို့ရတယ်လေ။




သတင်းစာ ဆောင်းပါး Are you sure you forgot about him or her? ကို ဘာသာပြန်ဆိုပါသည်။


                                                                                                           ဟနစံ

                                                                                        ၂၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၀၆ ခုနှစ်။



No comments:

Post a Comment