နေ့စဉ်လူမှုဘဝထဲမှာ ကျွန်မတို့ လိုက်နာရမယ့် စည်းကမ်းဥပဒေ တွေဟာ ကျွန်မတို့ရဲ့အရိပ်တွေလိုပါပဲ။ အမြဲမကွာဘဲရှိနေပါတယ်။ ကျွန်မတို့အိမ်ကနေအပြင်ကိုထွက်မယ်ဆိုရင် ၊ ကားမောင်းသွားမယ်ဆိုရင် သတ်မှတ်ထားတဲ့ ၊ သက်တမ်းမကုန်ဆုံးသေးတဲ့ ယာဉ်မောင်းလိုင်စင်ပါရှိရပါမယ်။ ကားမောင်းသွားစဉ် လမ်းခရီးမှာလည်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများကို လိုက်နာရပါမယ်။ လုပ်ငန်းခွင်ကိုရောက်ရှိပြီး အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်ရှင်ကချမှတ်ထားတဲ့ စည်းကမ်းဥပဒေ များကိုလိုက်နာကာ လုပ်ငန်း တာဝန်များကိုဆောင်ရွက်ရပါတယ်။ စျေးဝယ်ထွက်တဲ့အခါမှာလည်း မှောက်ခိုစျေးကွက်မှကုန်ပစ္စည်းများကို မဝယ်ယူမိအောင်သတိရှိရပါဦးမယ်။ ဆေးလိပ်သောက်သူများဟာလည်း သတ်မှတ်ထားတဲ့ ဆေးလိပ်မသောက်ရ ဧ ရိယာအတွင်းမှာ မသောက်ရပါဘူး။ အိမ်ပြန်ရောက်လို့ အိမ်မှာ အနားယူပြီး သီချင်း နားထောင်ခိုက်မှာလည်း ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်အောင်မဆူညံရပါဘူး။ သီချင်းကို အကျယ်ကြီးမဖွင့်သင့်ပါဘူး။ လျှပ်စစ် ဓါတ်အားခ၊ တယ်လီဖုန်းဘီလ်၊ ရေခွန်၊ အိမ်ခန်းခွန်၊ အမှိုက်ခွန် စတဲ့အခွန်အခများကိုလည်း သတ်မှတ်ရက်ကိုမကျော်လွန်ခင်ပေးဆောင်ရပါတယ်။ ဒါတွေအားလုံးဟာ ကျွန်မတို့အားလုံးစည်းကမ်းဥပဒေေတွကိုလိုက်နာနေကြတာပါ။
ဥပဒေ ဆိုတာဟာ စည်းမျဉ်း ၊ စည်းကမ်းများနဲ့ဖွဲ့စည်းထားပါတယ်။ ဥပဒေ ဟာ လူ့ဘောင် လောကကို အုပ်စိုးပါတယ်။ ဥပေ ဒကို ဘာမှမရှိတဲ့လေဟာနယ်ထဲမှာ သတ်မှတ်လို့ မရပါဘူး။လေဟာနယ်ထဲမှာ
ဥပေ ဒ မသက်ရောက်ပါဘူး။ ဥပဒေကို လူသားတွေနဲ့ အရာဝထ္ထုတွေအပေါ်မှာသာ သတ်မှတ်ရပါတယ်။ လူသားများအပေါ်မှာပဲ ဥပဒေ သက်ရောက်ပါတယ်။ ဥပေ ဒဟာကျွန်မတို့လူသားတွေကို ဘာကို လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာကို ညွှန်ကြားပြသပါတယ်။ ဥပဒေကို သဘာဝတရားက ဖန်တီးထားတာ မဟုတ်ပါဘူး။ ကျွန်မတို့လူသားတွေလိုက်နာရမယ့် စည်းမျဉ်းဥပဒေ များကို ကျွန်မတို့ လူသားတွေကပဲ ရေးဆွဲချမွတ္ထားတာပါ။
ဥပဒေနဲ့လူမှုပတ်ဝန်းကျင်ကို တသီးတခြားစီဖြစ်အောင်ခွဲခြားလို့မရပါဘူး။ စည်းကမ်းဥပဒေ နဲ့ လူမှုပတ်ဝန်းကျင် အမြဲအတူတကွရှိနေပါတယ်။ ဒါဆိုရင် ကျွန်မတို့ဟာ သီချင်းခွေတွေ ၊ ဗွီစီဒီရုပ်ရှင်ခွေတွေ ကို ဘာကြောင့်မှောင်ခိုစျေးကွက်က ခိုးကူးအခွေတွေကို ဝယ်ယူနေကြတာလဲ။ သူတစ်ပါးရဲ့ ယာဉ်၊ ကားများကို မနာလိုစိတ်နဲ့ ဘာကြောင့်ဖျက်ဆီးကြပါသလဲ။ ယာဉ်မောင်းနှင်စဉ်မှာ သတ်မှတ်ထားတဲ့မိုင်နှုန်း ထက် ဘာကြောင့်ပိုမောင်းနေကြတာလဲ။ ရာဂစိတ်ကိုနိုးကြွစေသော ရုပ်ပုံကားချပ်များ ၊ ပိုစတာများ ၊ ရုပ်ရှင်များကို ဘာကြောင့်ဝယ်ယူကြည့်ရှုနေကြတာလဲ။ မကောင်းမှန်းသိလျက်နဲ့ ဥပဒေ ကိုချိုးဖောက် နေမှန်းသိလျက်နဲ့ ဘာကြောင့် ဒါတွေကိုလုပ်နေကြပါသလဲ။ ယာဉ်ထိန်းရဲမရှိတဲ့နေရာမှာ လမ်းစည်းကမ်းကို လိုက်နာတဲ့သူ ဘယ်နှစ်ယောက်များရှိပါသလဲ။ ဒီလိုမေးခွန်းမျိုးတွေ ဖြစ်ပေါ်လာရပြီး စဉ်းစားရပါတယ်။ သူများတွေလည်းလုပ်တာပဲလေ လို့စော ဒကတက်ကောင်းတက်ကြပါလိမ့်မယ်။ အန္တရာယ်ဖြစ်နိုင်တဲ့နေရာ တွေမှာ သတိပေးဆိုင်းဘုတ်တွေနဲ့တားမြစ်ပြီး လမ်းစည်းကမ်း ၊ ယာဉ်စည်းကမ်းဥပဒေ ထုတ်ထားတာဟာ လူသားတို့အသက်အန္တရာယ်နဲ့မကြုံတွေ့ရအောင် ၊ ဘေးကင်းအောင်လို့ပါ။ နေ့စဉ်သတင်းစာတွေထဲမှာ ယာဉ်တိုက်မှုတွေကိုဖတ်ရတဲ့အခါမှာ ယာဉ်မောင်းတွေရဲ့စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖြစ်ရတဲ့ အသက်ဘေး အန္တရာယ်တွေကြုံရတာက အများစုပါပဲ။
ဥပဒေဘောင်အတွင်းမှာပဲနေထိုင်ခြင်းဟာ ဘေးရန်ကင်းပါတယ်။ ဥပေ ဒကိုဆန့်ကျင်ရင် ကျွန်မတို့တွေဟာ လွတ်လပ်မှု နဲ့ လွတ်မြောက်မှုကို ဆုံးရှုံးမှာဖြစ်ပါတယ်။ ကျွန်မတို့လမ်းသွားရင်းနဲ့ "အမှိုက်မပစ်ရ" ဆိုတဲ့ဆိုင်းဘုတ်မျိုးကို မကြာခဏမြင်ဖူးကြပါတယ်။ ဒီလိုဆိုင်းဘုတ်မျိုးဟာ သိပ်ကိုရိုးစင်းလှပေမယ့် ကျွန်မတို့လူသားတွေကိုလှောင်ပြောင်သရော်နေသလိုပါပဲ။ လူ့ဘောင်လောကတိုးတက်ဖို့ ၊ လူတွေရဲ့စိတ် ဓာတ်မြင့်မားဖို့ဆိုတာ စည်းကမ်းဥပဒေ မရှိဘဲနဲ့မဖြစ်နိုင်ပါဘူး။ စည်းကမ်းဥပဒေနဲ့ လူ့ဘောင်လောက ဟာအပြန်အလှန်အကျိုးသက်ရောက်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ဥပဒေ ရဲ့အရေးပါပါပုံ ၊ အရေးကြီးပုံကို သင်ကြားပို့ချပေးရန်လိုအပ်နေပါတယ်။
ဥပဒေ ဆိုတာကို သိရုံနဲ့တင်မဟုတ်ဘဲ ဥပဒေ ကိုချိုးဖောက်ရင် ဘယ်လိုအန္တရာယ်မျိုးတွေ ဖြစ်မယ်ဆိုတာကိုပါ သင်ကြားပြသပေးဖို့လိုအပ်နေပါတယ်။ ဥပဒေ ကိုချိုးဖောက်သူဦးရေများလာရင် ရာဇဝတ်မှုတွေများလာပါမယ်။ ရာဇဝတ်မှုတွေများလာရင် တိုင်းပြည် မအေးချမ်း ၊ မလုံခြုံပါဘူး။ ဥပဒေ ဟာလေးစားဖွယ်ကောင်းပါတယ်။ ဥပဒေနဲ့လူ့ဘောင်လောကဆိုတာဟာ ယုံကြည်လေးစားမှု နဲ့အတူ တည်ဆောက်ထားတာပါ။ တရားဥပေ ဒ စိုးမိုးပြီး ချမှတ်ထားတဲ့ စည်းကမ်းဥပဒေများ အတိုင်း လိုက်နာနေထိုင်ကြတယ်ဆိုရင် ကျွန်မတို့ရဲ့ လူ့ဘောင်လောကဟာ တရားမျှတပြီး ယဉ်ကျေးမှုမြင့်မားတယ် လို့ပြောလို့ရပါတယ်။
ဟနစံ
၁၂ ရက်၊ အောက်တိုဘာလ၊ ၂၀၀၈ ခုနှစ်။
No comments:
Post a Comment