Monday, 29 August 2016

ဝေ​ဒ​နာ​မ​ဟုတ်​တဲ့​အ​ထီး​ကျန်​ခြင်း







အ​ထီး​ကျန်​ခြင်း ​ဆိုတ့ဲ ​စိတ်​ခံ​စား​မှု​မျိုး​ကို ​လူ​သား​တိုင်း ​ဘ၀​မှာ ​တစ်​ချိန်​ချိန်​မှာ​ကြုံတွေ့​​ခံ​စား​ကြ ​ရ​ပါ​တယ်။ ​သား၊ သ​မီး​တေွ ​အိမ်​ထောင်​ခွဲ​သွား​လို့ ​တစ်​ယောက်​တည်း​ကျန်​ရစ်​ခဲ့​တဲ့​အ​ခါ​မျိုး ၊ ​ချစ်​သူ​နဲ့​ကွေ​ကွင်း​ရ​လို့ ​အ​ထီး​ကျန်​လွမ်း​ဆွတ်​ရ​တာ​မျိုး ၊ ​တစ်​နယ်​တစ်​ကျေးကို ​ပ​ညာ​ရှာ​ဖို့​ပဲ​ဖြစ်​ဖြစ်၊ ​အ​လုပ်​တာ​ဝန်​နဲ့​ပဲ​ဖြစ်​ဖြစ်​လာ​ရောက်​စ​မှာ ​မိ​သား​စု​နဲ့​ဝေး​လို့ ​အ​ထီး​ကျန်​သိမ်​ငယ်​မှု​မျိုး ၊ ​ကျောင်းပြောင်းလာ​ကာ​စ ​ကျောင်း​အ​သစ်​မှာ ​သူ​ငယ်​ချင်း​အ​သစ်​တွေမ​ရ​သေး​ခင် ​ကျောင်းအ​ဟောင်း​က ​သူ​ငယ်​ချင်း​တွေကို ​လွမ်း​ဆွတ်​ကာ ​အ​ထီး​ကျန်​သ​ဖွယ်​ခံ​စား​နေရတာ​မျိုး တွေ​တစ်​ချိန်​ချိန်​မှာ ​ကြုံ​တွေ့ရ​တတ်​ပါ​တယ်။ ​ဒ​ဿ​နိ​က​ဗ​ဒေ​ပ​ညာ​ရှင်​များ​ရဲ့ ​အ​ဆို​အ​ရ ​အ​ထီး​ကျန်​ခြင်း​ဆို​တာ​ဟာ ​အ​ကောင်း​လည်း​မ​ဟုတ် ၊ ​အ​ဆိုး​လည်း​မ​ဟုတ်​ပါ​ဘူး။ ​အ​ထီး​ကျန်​မှု​ဟာ ​စိတ်​လှုပ်​ရှား​ဖွယ်​ကောင်း​ပြီး ​မိ​မိ​ကိုယ်​မိ​မိ ​သိ​မြင်​လာ​တယ်​လို့ ​ဆို​ကြ​ပါ​တယ်။ ​အ​ထီး​ကျန်​ခြင်း​စိတ်​ခံ​စား​ချက်​ဟာ ​နာ​ကြင်​ခြင်း ​ဝေ​ဒ​နာ​မျိုး ​မ​ဟုတ်​ဘဲ ​အ​ထီး​ကျန်​မှု​က​နေပြီး ​အ​ကျိုး​အ​မြတ်​တွေရ​လာ​နိုင်​ပါ​တယ်။
 ​
အ​ထီး​ကျန်​ခြင်း​ဟာ ​လူ​သား​ဘ၀​ရဲ့ ​တစ်​စိတ်​တစ်​ဒေသလို့ ​အ​တွေးအ​ခေါ်​ပ​ညာ​ရှင်​တွေ​က ​ဆို​ကြ​ပါ​တယ်။ ​လူ​သား​တစ်​ယောက်​ဖြစ်​နေခြင်း​ကြောင့်​အ​ထီး​ကျန်​ဖို့​လို​အပ်​ပါ​တယ်။ ​ဒါပေမဲ့ ​ဘယ်​လို​ဘ၀​အ​စိတ်​အ​ပိုင်း​မျိုး​ကို​ရည်​ညွှန်း​တယ်​ဆို​တာ ​ကို ​ရှင်း​လင်း​ဖို့​တော့ ​လို​အပ်​ပါ​လိမ့်​မယ်။ ​ဒီ​အ​တွေးအ​ခေါ်​ဟာ ​အ​နောက်​တိုင်း​အ​တွေးအ​ခေါ်​ဖြစ်​ပြီး ​အ​ရှေ့တိုင်းအတွေးအခေါ်နဲ့ ​ခြား​နား​ပါ​တယ်။ ​လူ​သား​ဘ၀ ​ကို ​ရှု​ထောင့်​အ​မျိုး​မျိုး​က​နေ ​ရှု​မြင်​ကြ​တဲ့​အ​တွက် ​အ​နောက်​တိုင်း​အ​တွေးအ​ခေါ်​ရော ​အ​ရှေ့​တိုင်း​အ​တွေး​အ​ခေါ်​ပါ ​နှစ်​မျိုး​စ​လုံး​မ​မှား​ကြ​ဘဲ ​သူ့​အ​ကြာင်း​ပြ​ချက်​နဲ့ ​သူ​မှန်​ကန်​နေကြ​ပါ​တယ်။ ​

အ​နောက်​တိုင်း​အ​တွေးအ​ခေါ်​က ​လူ​သား​တစ်​ဦး​ဟာ ​သူ​ကိုယ်​ပိုင် ​အ​တ္တ (​ego) ​နဲ့​ဖွဲ့​စည်း​ထား​တယ်​လို့ ​ဆို​ပါ​တယ်။ ​လူ​သား​တစ်​ဦး​စီ​မှာ​ရှိ​န​ကြေ​တဲ့ ​သူ​ကိုယ်​ပိုင် ​အ​တ္တ​ဟာ ​သူ​တစ်​ပါး​ရဲ့ ​အ​တ္တ​နဲ့ ​မ​တူ​ဘဲ ​သူ့​ဘာ​သာ ​တစ်​မူ​စီ​ရှိ​န​ကြေ​တဲ့​အ​တွက် ​မိ​မိ​မ​ဟုတ်​တဲ့ ​အ​ခြား​သူ​တစ်​ယောက်​ကို ​အ​ပြည့်​အ၀​နား​လည်​ဖို့​ဆို​တာ ​မ​လွယ်​ကူ​လှ​ပါ​ဘူး။ ​လူ​တစ်​ဦး​နဲ့ ​တစ်​ဦး ​အ​တ္တ ​ချင်း ၊ ​စိတ်​ချင်း ​မ​တူ​ညီ​ဘဲ​ကွဲ​ပြား​ခြား​နား​တဲ့​အ​တွက် ​လူ​တစ်​ယောက်​နဲ့ ​တစ်​ယောက်​က​လည်း​မ​တူ​ညီ​ခြင်း​ဖြစ်​ပါ​တယ်။ ​အ​ရှေ့တိုင်း​ဘာ​သာ​ရေး​အ​တွေးအ​ခေါ်​ပ​ညာ​ရှင်​တွေ​က​တော့ ​လူ​သား​ဟာ ​အ​တ္တ​တစ်​ခု​တည်း​နဲ့ ​ဖွဲ့​စည်း​ထား​ခြင်း​မ​ဟုတ်​ဘဲ ​ဝိ​ဉာဉ် ( spirit or soul ) ​လို့​ခေါ်​တဲ့​နောက်​အ​ရာ​တစ်​ခု​နဲ့ ​ဖွဲ့​စည်း​ထား​သေး​တယ်​လို့ ​ဆို​ပါ​တယ်။ ​ဒီ​နေရာမှာ ​ဝိ​ဉာဉ်  ​ဟာ​အ​ဆုံး​အ​စ​မ​ရှိ​ဘဲ​ဘ၀​အ​သွင် ​သ​ဏ္ဍာန်​အား​လုံး​နဲ့​ဆက်​နွယ်​နေပါတယ်။ ​ဒီ​ဝိ​ဉာဉ်​သ​ဘာ၀​က​န​ပြေီး​တော့​မှ ​အ​တ္တ​ဖြစ်​ပေါ်​လာ​ပါ​တယ်။ ​လူ့​ဝိ​ဉာဉ်ကြောင့်
​အ​ထီး​ကျန်​ခြင်း​ခံ​စား​ရ​တာ​မျိုး​မ​ဟုတ်​ဘဲ ​လူ့​အ​တ္တကြောင့်​သာ​လျှင် ​အ​ထီး​ကျန်​ခြင်း​ကို ​ခံ​စား​ရ​ခြင်း​ဖြစ်​တယ် ​လို့ ​ဆို​ပါ​တယ်။ ​

ဘ၀​မှာ ​အ​ပြောင်းအ​လဲ​နဲ့ ​ဝမ်း​နည်းကြေ​ကွဲ​မှု ​တို့ ​က ​အ​ထီး​ကျန်​ခြင်း​ကို​ဖြစ်​ပေါ်​ခံ​စား​ရ​စေပါတယ်။ ​မိ​မိ ​ကိုယ်​ပိုင်​ဆုံး​ဖြတ်​ချက်​ကြောင့်သာလျှင် အ​ထီး​ကျန်​မှု​ဟာ​ဖြစ်​ပေါ်​လာ​ပါ​တယ်။ ဆိုလိုတာက မိမိစိတ်နဲ့မိမိ အထီးကျန်ခြင်းကို ခံစားနေရတာဖြစ်ပါတယ်။ ​မိ​သား​စု​ဝင်​များ ၊ ​မိတ်​ဆွေများ ​ရဲ့ ​ကိုယ်​ချင်း​စာ​နာ​မှု ​နဲ့ ​ဂ​ရု​ဏာ​တ​ရား​တို့ ​ဘယ်​လောက်​ပင်​ကြီး​မား​စေ​ဦး​တော့​နောက်​ဆုံး​မှာ ​မိ​မိ​ကိုယ်​ပိုင်​ခံ​စား​ချက်​က​သာ​လျှင်​မိ​မိ​ကို​ပိုင်​စိုး​သွား​ပါ​တယ်။ ​ဘ၀​မှာ​အ​ပြောင်း​အ​လဲ ​နဲ့ ​စပ်​ကူး​မတ်​ကူး​ကာ​မျိုး​မှာ ​အ​ထီး​ကျန်​မှု​ကို​ခံ​စား​ရ​ပါ​တယ်။ ​ထို​အ​ခါ​မျိုး​မှာ ​အ​ဟောင်း​များ​ကို​စွန့်​ခွာ​ထား​ခဲ့​ပြီး ​အ​သစ်​တ​ဖန်​ပြန်​လည်​စ​တင်​ဖို့ ​ဦး​တည်​ရာ​လမ်း​ကြောင်း​ကို​ရွေး​ချယ်​ရ​ပါ​တယ်။ ​ဒီ​န​ရော​မှာ ​ပြောင်းလဲ​ခြင်း​ဆို​တာ ​အ​လုပ်​အ​ကိုင်​ပြောင်းလဲ​ခြင်း ၊ ​စိတ်​နေသဘောထားပြောင်း​လဲ​ခြင်း ၊ ​နေရာသစ်​တစ်​ခု ​သို့​ပြောင်းရွှေ့ရခြင်း ​အား​လုံး​နဲ့ ​အ​ကျုံး​ဝင်​ပါ​တယ်။
လူ​မှု​ပတ်​ဝန်း​ကျင်​မှာ ​အ​ခြား​သူ​များ​နှင့်​ပေါင်း​သင်း​ဆက်​ဆံ​ရန် ​မ​စွမ်း​သာ​တဲ့​အ​ခြေအ​နေ​အ​ခါ​မျိုး​မှာ ​လူ​တို့​ဟာ ​အ​ထီး​ကျန်​မှု​ကို​ခံ​စား​ရ​ပါ​တယ်။ ​လူ​တစ်​ဦး​နှင့်​တစ်​ဦး ​ရှင်​သန်​ကြီး​ပြင်း​လာ​ရ​တဲ့ ​မိ​သား​စု​များ​မ​တူ​ညီ​ခြင်း​ကြောင့်မေတ္တာကို ​ရ​ရှိ​ခံ​စား​မှု​ဟာ​လည်း​မ​တူ​နိုင်​ကြ​ပါ​ဘူး။ ​မိ​သား​စု​ထဲ​မှာ ​မေတ္တာကို​လုံ​လောက်​စွာ​ မ​ရ​ရှိ​ခြင်း​ကြောင့် ​စိတ်ကျ​လာ​ပြီး ​အ​ခြား​သူ​များ​နှင့်​ခင်​မင်​ဆက်​ဆံ​ရ​မှာ​ကို​ကြောက်ရွံ့လာ​ တတ်​ကြ​ပါ​တယ်။ ​အ​ချို့​သော​သူ​များ​က​တော့ ​မိ​မိ​ကိုယ်​မိ​မိ​သာ ​ချစ်​ခင်​ခြင်း​ကြောင့် ​အ​ထီး​ကျန်​ဆန်​နေရ​ခြင်း​ဖြစ်​ပါ​တယ်။ ​မည်​သူ ​တစ်​ဦး​တစ်​ယောက်​က​မှ ​မိ​မိ​ကို ​မ​ချစ်​ကြ​ဘူး၊ ​ဂ​ရု​မ​စိုက်​ကြ​ဘူး လို့​ထင်​မြင်​နေကြတဲ့​သူ​တွေ​ပဲ​ဖြစ်​ပါ​တယ်။ ​တ​ကယ်​တော့ ​သူ​တို့​ဟာ ​အ​ခြား​သူ​များ​အ​ပေါ်​ကို​မေတ္တာကို ဘယ်​လို​ပေး​ရ​မယ် ​ဆို​တာ​ကို ​မ​သိ​ကြ​သေး​သူ​များ​ဖြစ်​ကြ​ပါ​တယ်။ ​

စိတ်​ပ​ညာ​ရှင်​များ​က ​လူ​တစ်​ဦး​သည် ​သူ့​ကိုယ်​ပိုင်​ဘ၀​တစ်​ခု​အ​တွက်​သာ​တာ​ဝန်​ရှိ​တယ် ​လို့ ​ဆို​ကြ​ပါ​တယ်။ ​မိ​မိ​ကိုယ်​တိုင်​မှ​လွဲ ​၍ ​မည်​သူ​တစ်​ဦး​တစ်​ယောက်​က​မှ ​မိ​မိ​ဘ၀​အား​လာ​ရောက်​မ​ဖန်​တီး​ပေး​နိုင်​ဟု ​ဆို​လို​ကြ​ခြင်း​ဖြစ်​ပါ​တယ်။ ​မိ​မိ​၏​အ​တ္တ ​အ​ရ ​မိ​မိ​၏​ဖြစ်​တည်​မှု​တွင်သာနေထိုင်ကြ​ခြင်း​ဖြစ်​သည်။ ​လူ​အ​များ​သည် ​မိ​မိ​တို့​၏​ဘ၀​ကို ​အ​လုပ် ၊ ​လူ​မှု​ဆက်​ဆံ​ရေး၊ ​နေ့​စဉ်​ဘ၀ ​ထဲ​မှာ​မြှုပ်​နှံ​ထား​ကြ​ပြီး ​အ​ဆင်​မ​ပြေမှု​များ​ကြုံ​တွေ့ရ​သော​အ​ခါ ​စိုး​ရိမ်​ပူ​ပန်​မှု​ကို​ခံ​စား​ကြ​ရ​သည်။ ​ထို​အ​ခါ​တွင်​မှာ ​ဘ၀ ​ဆို​သည်​မှာ ​အ​ဘယ်​နည်း ​ဆို​တဲ့​မေး​ခွန်း​မျိုး​ကို ​မိ​မိ​ကိုယ်​မိ​မိ ​ပြန်လည်​မေး​တတ်​ကြ​ပြီး ​လက်​ရှိ​ဘ၀​အ​ခြေအနေအ​ပေါ်​အာ​ရုံ​စိုက်​လာ​တတ်​ကြ​သည်။
အ​ချို့​အ​ထီး​ကျန်​မှု​များ​သည် ​ဟန်​ဆောင်​နေထိုင်​ရ​ခြင်း​အ​ပေါ်​တွင်​ဖြစ်​တည်​လာ​ရ​သည်။ ​လူ​မှု​ပတ်​ဝန်း​ကျင်​အ​သိုင်း​အ​ဝိုင်း ၊ ​လုပ်​ငန်း​ခွင်​အ​တွင်း​မှာ ​ဟန်​ဆောင်​နေရ​ခြင်း​များ ​ကို​ငြီး​ငွေ့လာ​ရာ​မှ ​မိ​မိ​သည် ​မည်​ကဲ့​သို့​သော​သူ​မျိုး ​ဆို​သည့် ​မိ​မိ​အ​စစ်​အ​မှန်​ကို​ရှာ​ဖွေတွေ့ရှိ​သွား​သော​အ​ခါ ​အ​ထီး​ကျန်​သ​ဖွယ်​ခံ​စား​လာ​ရ​သည်။ ​မိ​မိ​ကိုယ်​ကို ​အ​ထီး​ကျန်​နေသည်​ဟု​ခံ​စား​ရ​ခြင်း​သည် ​အ​ထီး​ကျန်​မှု​ကို ​ရင်​ဆိုင်​ရ​ခြင်း​ပ​ထ​မ​အ​ဆင့်​ပင်​ဖြစ်​သည်။ ​ထို​အ​ခါ​အ​ထီး​ကျန်​မှု​က ​သင့်​အား​ပြင်​ပ​က​မ္ဘာ​မှ​ဆွဲ​ထုတ်​ကာ ​တ​သီး​တ​ခြား​ဖြစ်​နေစေပြီး ​မိ​မိ​အ​တွင်း​စိတ်​ကို ​ဆန်း​စစ်​လေ့​လာ​မိစေပေသည်။ ​အ​ထီး​ကျန်​မှု​က ​မိ​မိ​ကိုယ်​မိ​မိ​ရှာ​ဖွေတွေ့​ရှိ​စေသည်။ ​ထို​အ​ခါ​မျိုး​တွင် ​မိ​မိ​ကိုယ်​တိုင်​သည်​သာ ​မိ​မိ​အ​တွက်​အ​ကောင်း​ဆုံး​အ​ဖော်​ဖြစ်​သည်​ကို ​တွေ့​ရှိ​ရ​ပြီး ​မိ​မိ​အ​တွင်း​စိတ်​ကို ​ပြန်​လည်​ပြု​ပြင်​ပြီး ​အ​သစ်​တ​ဖန်​ပြန်​လည်​မွေးဖွား​ရန်​အ​ကောင်း​ဆုံး​ဖြစ်​သည်။ ​အ​ထီး​ကျန်​မှု​ကို​ခံ​စား​ရ​သော​အ​ခါ ​လူ​တို့​သည် ​စိတ်​နာ​ကြင်​ခံ​စား​ရ​သည် ​ဟု​ထင်​မှတ်​ကြ​သည်။ ​အ​မှန်​စင်​စစ်​မှာ​မူ ​အ​ထီး​ကျန်​မှု​ကို​ရင်​ဆိုင်​နိုင်​စွမ်း​သ​တ္တိ ​ရှိ​လာ​ခြင်း​ဖြစ်​သည်။ ​

အ​ထီး​ကျန်​မှု​က​လူ​တို့​အား​ မေတ္တ​တ​ရား​ကို ​သင်​ကြား​ပို့​ချ​ပေး​လေသည်။ ​လူ​တို့​သည် ​အ​ထီး​ကျန်​သ​ဖွယ်​ခံ​စား​နေရသော​အ​ခါ​တွင် ​မေတ္တာ​ကို​ရှာ​ဖွေတတ်​ကြ​လေသည်။​မေတ္တ​တ​ရား​က ​ဘ၀​ကို​ရင်​ဆိုင်​နိုင်​စွမ်း​သ​တ္တိ​ကို​ပေး​စွမ်း​သည်။ ​လူ​တစ်​ဦး​သည် ​ကျယ်​ပြန့်​သော​လူ​မှု​ပတ်​ဝန်း​ကျင်​အ​သိုင်း​အ​ဝိုင်း​တွင်း​နေထိုင်နေရ​သော်​လည်း ​အ​ထီး​ကျန်​သ​ဖွယ်​ခံ​စား​န​ရ​ခြင်း​မှာ ​ရ​ရှိ​ထား​သော ​မေတ္တာတ​ရား​ပ​မာ​ဏ​ကို​မ​ကျေနပ်​မ​ရောင့်​ရဲ​နိုင်​သေး ၍
​ဖြစ်​ပေသည်။ 

​မိ​မိ​ကိုယ်​တိုင်​က ​အ​ခြား​သူ​များ​ကို ​မေတ္တာ​ပေး​ရန်​လေ့​လာ​သင်​ယူ​ပြီး ​မိ​မိ​၏​အ​တွင်း​စိတ်​ကို ​အေး​ချမ်း​နေစေရန် ​ကြိုး​စား​နေထိုင်သင့်​ပေသည်။ ​အ​မှန်​စင်​စင်​မှာ​မူ ​အ​ထီး​ကျန်​ခြင်း​ဆို​သည့် ​စိတ်​ခံ​စား​မှု​သည် ​အ​ဆိုး​အ​နေဖြင့်​လူ​တို့​က​ခံ​စား​နေရ​သော်​လည်း ​ထို​အ​ဆိုး​ထဲ​မှ ​အ​ကောင်း​ကို​ဆွဲ​ထုတ်​ယူ​ပြီး ​ဘ၀​တွင်​ နေထိုင်​ခြင်း​နည်း​လမ်း​ကောင်း ​ကို​ရှာ​ဖွေရ​မည် ​သာ​ဖြစ်​ပေသည်။ 


                                                                                                                              ဟ​န​စံ
                                                                                                               ဇွန် ၂၆ ရက်၊ ၂၀၀၆ ခုနှစ်။

No comments:

Post a Comment