Sunday, 21 August 2016

Me Before You

ဒီတစ်ပတ် ပိတ်ရက်မှာ ပျိုမေတို့ ရုပ်ရှင်ကြည့်ဖို့ ကားကောင်းလေး ညွှန်းချင်တာက ၂၀၁၆ ခုနှစ်မှာ ထွက်ရှိတဲ့
ဒါရိုက်တာ - Thea Sharrock ညွှန်ကြားရိုက်ကူးပြီး သရုပ်ဆောင် - Emilia Clarke ၊ Sam Clafin ၊ Janet McTee တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Me Before You ဆိုတဲ့ ကြည်နူးဆွတ်ပျံ့ဘွယ်အချစ်ရုပ်ရုင်ကားပါ။

အသက် ၂၆ နှစ်အရွယ်မိန်းကလေး Louisa Clark အဖြစ် Emilia Clarke က သရုပ်ဆောင်ထားပါတယ်။  Louisaက သူ့မိသားစုအတွက် သူ့ရဲ့ ရည်မှန်းချက်တွေ၊ သူ့ရဲ့ဆန္ဒတွေကို စွန့်လွှတ်ပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပြီး သူ့မိသားစုကို ထောက်ပံ့ပါတယ်။ သူ့မိသားစုထဲမှာ သူတစ်ယောက်သာလျှင် အလုပ်ရှိပြီး ဝင်ငွေရှိတာဖြစ်လို့ တစ်အိမ်လုံးအတွက် သူ့ရဲ့လုပ်အားကသာ မှီခိုစရာဖြစ်ပါတယ်။ Louisa တစ်ယောက် လက်ဖက်ရည်ဆိုင်ကနေ အလုပ်ပြုတ်ပြီးနောက်မှာ အလုပ်သစ်ရရှိဖို့ ကြိုးစားရှာဖွေရာကနေ မော်တော်ဆိုင်ကယ်တိုက်ခံရပြီး ကိုယ်ခန္ဓာသေသွားတဲ့ ဒုက္ခိတဖြစ်နေတဲ့ Will Traynor ( Sam Clafin ) ကိုကူညီပြုစုရတဲ့အလုပ်ကို Will ရဲ့မိခင်ဖြစ်သူ Camilla က ခန့်အပ်ခဲ့လို့ Louisa အလုပ်ရရှိခဲ့ပါတယ်။
ဒုက္ခိတဖြစ်နေလို့ အရာရာကို စိတ်တိုင်းမကျဖြစ်နေတဲ့ Will၊  အရာရာကို အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ စိတ်ထား ရိုးရှင်းတဲ့  Louisa၊  သူ့ရဲ့ချစ်သူ အားကစားသမား Patrick ၊  Will ရဲ့  ချစ်သူ Alicia က Will ရဲ့ အချစ်ဆုံးသူငယ်ချင်း Rupert နဲ့လက်ထပ်သွားခဲ့တဲ့ခါ....
အရာရာအခြေအနေ အချိန်အခါကိုလိုက်ပြီး ပြောင်းလဲနိုင်တယ်...ဘာကမှ အစိုးမရဘူးဆိုတဲ့ သဘောတရားနဲ့အတူ ကြည်နူးဆွတ်ပျံ့ဘွယ် သန့်ရှင်းတဲ့ချစ်ခြင်းမေတ္တာကို  Me Before You ရုပ်ရှင်ကားမှာ ဆက်လက် ရှုစားနိုင်ပါတယ်။



 

                                                                                                                             ဟနစံ



No comments:

Post a Comment