Every woman is wonderful ! If you are a woman, you are a wonderful lady.
Wednesday, 1 February 2017
ခင်ဗျားတို့နဲ့ ကျွန်တော်
ကိုယ့်ခရီး ကိုယ်သွားနေတုန်း
လမ်းမှာ တွေ့တယ်
သာရဲ့လား မာရဲ့လား မေးတယ်
ဖြေချင် ဖြေမယ်
မဖြေချင် မဖြေဘူး။
မဖြေတော့မှ ပိုသိလိုတယ်
ရမ်းသမ်းတုတ်ဆိုတာ
ရွာက ဦးတုတ်ကြီးသမီး မဟုတ်ဘူး။
ခင်ဗျားတို့ လိုရာဆွဲယူ
ကောက်ချက်ချတာတွေ
လိုက်ဖြေရှင်းဖို့ ကျွန်တော့်မှာ
တာဝန် မရှိဘူး။
အရသာကောင်းလို့
ခင်ဗျားတို့ မြည်းနေတဲ့ ကျွန်တော့်အကြောင်း
လက်ဖက်ရည်ဝိုင်းကို လာ ရှင်းပြဖို့
ကျွန်တော့် တာဝန်မရှိဘူး။
လမ်းဆုံးရောက်ရင် ရွာတွေ့မယ်
ခရီးသွားတုန်း ခြေခံထိုးတာ
ပြန်လှည့် ဂရုစိုက်နေဖို့
ကျွန်တော့် ဘဝမှာ ခပ်သုတ်သုတ်လုပ်စရာတွေက
ပို အရေးကြီးတယ်။
ခင်ဗျားတို့ ပြောတဲ့ ကျွန်တော့်အကြောင်း
ကျွန်တော် တစ်ခါမှ မကြားဖူးခဲ့လို့
google လိုက္တဲ့ခါ
ကျွန်တော် အစစ်အမှန်ကို
ကျွန်တော် မြင်ခဲ့တယ်။
ကဲ...ကျွန်တော် ဘာမှ ပြောမနေဘူး
ဘဝက အချိန်သိပ်မပေးထားဘူး
ကျွန်တော်လုပ်ချင်ရာတွေ ကျွန်တော်
ခပ်သုတ်သုတ် လုပ်ရဦးမယ်။
(ဟနစံ)
Labels:
အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment