အမျိုးသမီး များအတွက် အလှအပ ဆိုင်ရာ ပစ္စည်းတွေ အတွက် ငွေကုန်ကြေးကျ ခံစရာ
မလိုဘဲ မီးဖိုချောင် ထဲမှာ ရှိတဲ့ ရေခဲသေတ္စ္တာ ထဲမှာ ရှိနေတာလေးတွေ နဲ့ ပဲ
အရေပြား အလှ ၊ ဆံပင်အလှ ထိန်းသိမ်းလို့ ရမယ် ဆိုတာ ကိုပြောပြချင်ပါတယ်။
ကမ္ဘာ ကျော်ရုပ်ရှင်မင်းသမီး ဟောလိဝုဒ် စတား ဂျုလီယာရောဘတ်စ် က သူ့ရဲ့
လှပတဲ့ အနီရောင် ဆံပင်တွေအတွက် သံပုရာ သီးအရည်
ကိုသုံးပါတယ်တဲ့။ နာမည်ကြီး ဂျက်ဇ် အဆိုတော် ဂျိုစီဖင်းဘိတ်ခ်ကာ ကလည်း
သူမရဲ့ ဆံပင်တွေကို ကြက်ဥနှစ် နဲ့ ပြုပြင်ထိန်းသိမ်းပါတယ်တဲ့။
ကဲ... အဲလိုဆိုရင် ဘာလို့ အချိန်ဆွဲနေကြဦးမလဲနော်။ ကျွန်မ တို့လည်း
သံပုရာ သီး၊ ကြက်ဥ ခေါင်းလျှော်ရည် လေး လုပ်လိုက်ကြရအောင်။
လိုအပ်တဲ့ပစ္စည်းတွေ ကတော့
ကြက်ဥ ၂ လုံး
ရေနွေး ၁ ခွက်
သံပုရာ သီး အရည် ဇွန်း တဝက်
ပြုလုပ်ရမှာကတော့
ကြက်ဥ ၊ ရေနွေး ၊ သံပုရာသီးအရည် အားလုံး ကိုရောမွှေပါ။ ပြီးတော့
ရေနွေးနွေးလေး နဲ့ ဆံပင်တွေကိုဆွတ်ပြီး ပြုလုပ်တားတဲ့ခေါင်းလျှော်ရည် နဲ့
ဆံပင်တွေကို ရော ၊ ဦးရေပြား အနှံ့ သုတ်လိမ်းပါ။ ပြီးလျှင် ပလပ်စတစ်
ရေချိုးဦးထုပ် plastic shower cap နဲ့ ၁၀ မိနစ်လောက်
အုပ်ဆောင်းထားပေးပါ။ အနွေးဓာတ်ထိန်းထားပေးတဲ့သဘောပါ။ အားလုံးပြီးရင်
ရေနွေးလေး နဲ့ခေါင်းလျှော် လိုက်ပေ့ါနော်။ မှန်မှန်သာ
ပြုလုပ်ခေါင်းလျှော်မယ် ဆိုရင် တောက်ပလှပတဲ့ ဆံပင်ပိုင်ရှင်လေး မကြာခင်မှာ
ဖြစ်လာတော့မှာပါ။
ခေါင်းလျှော်ရည် (shampoo) တော့ ပြုလုပ်ပြီးသွားပြီး။ ခုတစ်ခါ
ဆံပင်ပေါင်းတင်ဆေးလေး လုပ်ကြည့်ရအောင်။
ဆံပင်တွေဆေးဆိုးထားတဲ့သူတွေအတွက် အသင့်တော်ဆုံးပဲလေ။ ခြောက်သွေ့ပြီး ဓာတု
ပစ္စည်းတွေ နဲ့ ပြုပြင်ထားတဲ့ ဆံပင်တွေအတွက် ဗစ်တာမင်-အီး နဲ့ ပရိုတိန်း က
ပြန်လည်ပြုပြင်ဖို့အကောင်းဆုံးပါပဲ။
လိုအပ်တာတွေကတော့
ထောပတ်သီး တစ်ခြမ်း
သံလွင်ဆီ ၁ ဇွန်း
ကြက်ဥ ၁ လုံး
ပဲဖြစ်ပါတယ်။
ပြုလုပ်ရမှာကတော့
ထောပတ်သီးကိုကြေညက်အောင်ခြေပြီး သံလွင်ဆီ ၊ ကြက်ဥ တို့ နဲ့ရောမွှေပါ။
ပြီးလျှင် ဆံပင်တွေပေါ်ကိုသုတ်လိမ်းပါ။
အဖျား နှစ်ခွကွဲနေတဲ့ ဆံပင်အဖျားတွေကို သေသေချာချာလေး
သုတ်လိမ်းပေးဖို့မမေ့နဲ့နော်။ ပလပ်စတစ် ရှာဝါကက်ပ် လေး နဲ့ ၁၅ မိနစ်ကနေ
၂၀ မိနစ်ထိ ခေါင်းကို အုပ်ထားပြီးရင် ရေအေးနဲ့
ဆံပင်တွေကိုဆေးပြီးခေါင်းပြန်လျှော်လိုက်ပေ့ါနော်။
ခြောက်သွေ့ပြီး အဖျား နှစ်ခွကွဲနေတဲ့ ဆံပင်တွေ ပြန်ပြီး လှပ သန်စွမ်းလာပါလိမ့်မယ်။
ဆံပင်တွေအတွက်ပြီးရင် မျက်နှာပေါင်းတင်ဆေးလေး လုပ်ကြည့်ကြရအောင်။
နှစ်မျိုးတောင်လုပ်လို့ရတယ်။ ညနေဘက်မှာ မွေးနေ့ပွဲ သွားစရာ ရှိလို့ ၊
ဧည့်ခံပွဲ သွားစရာ ရှိလို့ အမြန်နည်းလေး နဲ့မျက်နှာပေါင်းတင်
နည်းလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကတော့
တ ရုတ် နံနံ ခြေမွထားပြီးသား ဇွန်း တဝက်
ပျားရည် ၁ ဇွန်း
နွားနို့ ၁ ဇွန်းပဲဖြစ်ပါတယ်။
အား လုံးကိုရောမွှေပြီး မျက်နှာပေါ်ကို သုတ်လိမ်းပါ။ မိနစ်၂၀
ခန့်ကြာအောင်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။
ညနေ အပြင်သွားဖို့ လှပချောမွေ့တဲ့ မျက်နှာလေး ကိုမှန်ထဲမှာ တွေ့ရမှာပါ။
နောက်တစ်နည်းအတွက် လိုအပ်တာတွေကတော့
စတော်ဘယ်ရီသီး ခွက်တဝက်
မုန့်ဖုတ်ဆို ဒါ ၂ ဇွန်း
ပျားရည် ၁ဇွန်း
ကြက်ဥ ၁လုံး
ဒိန်ချဉ် ၁ ဇွန်း
ဗာဒ‘ံ စေ့ ခွက် တဝက်
တွေပဲဖြစ်ပါတယ်။
အားလုံးကို ရောပြီး ကြိတ်စက် (ဘူနညိနမ ) ထဲ ထည့်ကြိတ် ပြီး ရလာတဲ့
ခပ်ပျစ်ပျစ် အရည်တွေကို မျက်နှာနဲ့ လည်ပင်းမှာ သုတ်လိမ်းပြီး ၃
မိနစ်ခန့်ကြာရင် မျက်နှာသစ်လိုက်ပါ။
တစ်ပတ်တစ်ခါ ဒ‘ီလိုပေါင်းတင်ပေးမယ်ဆိုရင် အပြစ်အနာအဆာ ကင်းတဲ့
ချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိလာမှာပါ
လုပ်ငန်းခွင်မှာ ကွန်ပျုတာနဲ့ တချိန်လုံး အလုပ်လုပ်နေရတဲ့
အမျိုးသမီးလေးတွေ၊ စာတွေကျက်ရတာ များလို့ မျက်လုံးလေးတွေ နီနေတဲ့
ကျောင်းသူလေးတွေအတွက် မျက်လုံးလေးတွေ ကြည်လင်လှပလာအောင်
ပြန်လည်ပြုစုနည်းလေး ပြောပြလိုက်မယ်နော်။
လွယ်လွယ်လေးပါ။ ရေခဲသေတ္တာ ထဲမှာ ရှိနေတဲ့ သခွားသီးလေး ၁ လုံးပဲလိုမှာ။
သခွားသီး ကို အကွင်းလေးတွေရအောင်ပါးပါးလှီ းပြီး ရေခဲ ဇလုံထဲမှာ ၁၀
မိနစ်ခန့်ကြာအောင်ထားပါ။ ပြီးရင် မျက်လုံးလေး တွေပေါ်မှာ
သခွားသီးအကွင်းလေး တွေကိုတင်ပြီး မျက်လုံးလေးမှိတ်လို့ ၁၅
မိနစ်လောက်အနားယူလိုက်ပေ့ါနော်။
ကြည်လင်တောက်ပနေတဲ့ မျက်လုံးလေးတွေ ကို မှန်ထဲမှာ ပြန်မြင်ရမှာပါ။
အိမ်အလုပ်တွေလုပ်၊ ပန်း ကန်ဆေး ၊ အဝတ်လျှော်ရလို့ လက်ကလေးတွေ ခြောက်သွေ့
ကြမ်းမာနေရင် ငှက်ပျောသီး မှည့် နဲ့ ထောပတ်ကိုရောနယ်ပြီး လက်ချောင်းလေးတွေ ၊
လက်ဖဝါးလေးတွေ ၊ လက်ဖမိုးလေးတွေက်ု သုတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ကြာမှ
ရေပြန်ဆေးလိုက်ပေ့ါနော်။ နူးညံ့ချောမွေ့တဲ့ လက်ကလေးတွေပိုင်ရှင်ဖြစ်လာမှာ
အသေအချာပါပဲနော်။
လက်သည်းလေးတွေဖြူဖွေးနေဖို့အတွက်ကတော့ သံပုရာ သီး နဲ့ ပွတ်တိုက်ပေးပါ။
လက်သည်းဆိုးဆေးမဆိုးဘဲ ကမာရောင်တောက်နေတဲ့ လက်သည်းလှလှလေးတွေ
ပိုင်ရှင်ဖြစ်ချင်ရင်ပေ့ါ။
ကဲ... ခုလိုဆိုတော့ ဘယ်မှာ ပိုက်ဆံကုန်တော့မလဲနော်။ လှလည်းလှမယ်လေ။
(ဟနစံ)
No comments:
Post a Comment