Wednesday, 1 February 2017

ဘာရွေးမလဲ

မြို့ တစ်မြို့ကို ခရီးသွားတယ်။ အဲဒီမှာ ဟိုတယ်တစ်ခုက ကြယ်၅ပွင့်အဆင့်၊ ဝန်ဆောင်မှုကလည်း အရမ်းကောင်းတယ်။ တည်းခိုသူများ စိတ်တိုင်းကျ ကျေနပ်စေတဲ့ ဝန်ဆောင်မှုများနဲ့  ကျသင့်ငွေကလည်း အဲဒီမြို့မှာရှိတဲ့ တည်းခိုခန်းများနဲ့ တူတူလောက်ပဲရှိတယ်။
တည်းခိုခန်းမှာ တစ်ရက်တည်းခိုခနဲ့ အဲဒီ ကြယ်၅ပွင့်ဟိုတယ်မှာ တည်းခိုခ အတူတူပဲ။  အဲဒီဟိုတယ်ပိုင်ရှင်က မသမာတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ကြီးပွားချမ်းသာပြီး ဟိုတယ်ဖွင့်ထားသူ။ ရှင်းရှင်းပြောရရင်တော့ အဲဒီဟိုတယ်ဖွင့်ထားတဲ့နောက်ကွယ်မှာ တခြား မသမာမှုတွေရှိနေတယ်။

တည်းခိုခန်းပိုင်ရှင်ကတော့ ဒီတည်းခိုခန်း စီးပွားရေးကိုပဲ ကောင်းကောင်းမွန်မွန်လုပ်ကိုင်သူ။ သန့်ရှင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု။

အဲဒီမြို့ကို အကြောင်းတစ်ခုခုကြောင့် သွားရပြီဆိုရင် ဘယ်မှာ တည်းမလဲ။ ကြယ်၅ပွင့်ဟိုတယ်မှာတည်းပြီး မသမာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို ထောက်ခံအားပေးမလား။ သမာအာဇီဝလုပ်ငန်းဖြစ်တဲ့ တည်းခိုခန်းမှာပဲ တည်းမလား။

No comments:

Post a Comment