Every woman is wonderful ! If you are a woman, you are a wonderful lady.
Wednesday, 1 February 2017
အဖြစ်အပျက်
တရားကို မင်တတ်သွားတဲ့ခါ
ပု်ဂိုလျဆိုတာ ရှေ့တနျးမှာ မရှိခွငျးနှငျ့အတူ
ခွဲထားတဲ့အကန့်တွေထဲ
မီးစကတစ်ဘက် ၊ ရေမှုတ်ကတစ်ဘက်
အပြောင်းအလဲတွေကပဲ
အဟောင်းတွေကို အကောင်းတွေ ဖြစ်စေခဲ့။
လက်တွေ့နဲ့ သီအိုရီ
မနည်းမနော လွဲခဲ့တာမှာ
သမားရိုးကျက ခွဲထွက်ဖို့
ကြမ္မာငင်ခဲ့တာလည်း
မေ့မေ့လျော့လျော့ စံပယ်တွေ ဖူးပွင့်လို့။
ကြောက်လွဲ ရဲမင်းဖြစ် တဲ့
တုံးတိုက်တိုက် ကျားကိုက်ကိုက်မှာ
ကြွေတစ်လှည့် ကြက်တစ်ခုန်နဲ့
အေးတိအေးစက် ရီဝေဝေ
ခံစားချက်တွေနဲ့ စည်းခြားထားခဲ့တာများ
လေပြည်မှာ စံပယ်တွေလှိုင်မှ
အိပ်မက်က လန့်နိုးခဲ့တယ်။ ။
(၂၀၁၁ ၊ ဇန်နဝါရီလ ၈ ရက်။
ည ၈နာရီ ၂၀ မိနစ်။)
Labels:
အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment