တောင်ပို့မှန်း သိလည်း
မြွေမသေ တုတ်မကျိုးစေဖို့
လောကဝတ်တွေထဲမှာ
လူကြီးလူကောင်းဆန်ပြလိုက်တဲ့ခါ
ခေါင်းပေါ်တက်နင်းလို့။
လူႀကီးသူမေတြ ဆံုးမစကားထဲ
တိုက်ပုံဝတ်တိုင်း လူကြီးလူကောင်းမဟုတ်ဘူး
စိပ်ပုတီးကိုင်တိုင်း သူတော်စင်မဟုတ်ဘူး
ကြောင်သူတော်ဆိုတာ ဝတ်ဖြူစင်ကြယ်လည်း
ဝတ်တတ်တယ် ဆိုတာ
မပါလာခဲ့ဘူး။
ကျင့်ကြံအားထုတ်မှုတွေဟာ
အယောင်ဆောင်တာလောက်
တာမသွားတဲ့ ခေတ်ပျက်ကြီးထဲမှာ
သူဌေးဖြစ်ဖို့
ရှေးလူကြီးသူမတွေ သိမသွားခဲ့ကြလို့
လောကနီတိကျမ်းစာအုပ်လည်း
လူကြိုက်မများတော့ဘူး။
ဒီလိုနဲ့ပဲ
ဒီလိုပါပဲ.....
ဒီလိုပါပဲ........
ဆူးၾကားက ဘူးခါးဟာ
ငြိမ်ငြိမ်သက်သက်
မလှုပ်မယှက်။ ။
ဟနစံ (၂၃ နိုဝင်ဘာ ၂၀၁၀)
No comments:
Post a Comment