မလိုလားမှုတွေက ရည်ရွယ်တဲ့ခါ
ဒြန္တြဲပ်က္စီးမႈ*ေတြထဲ
သန့်သန့်ရှင်းရှင်းနှလုံးသားတစ်ခု မီးမြိုက်သွားခဲ့
မြေဇာမြက်တစ်ပင်
နာကျင်နေတဲ့ အဟောင်း၊ အသစ်မပြုလိုတဲ့ ကံ
သံသရာမှာကုန်ဆုံးပါစေရယ်လို့
တိတ်တိတ်ဆိတ်ဆိတ်ဆန္ဒတစ်စုံ
အဝေးဆုံးကို ပြေးထွက်တဲ့ခါ
အနီးဆုံးမှာ ကျန်ရစ်ခဲ့တာ
ဥပေက္ခာပြာပုံထဲက
အမွှေးပျံ့ဆုံး စံပယ်ဖြူပွင့်။
* collateral damage
No comments:
Post a Comment