Wednesday, 1 February 2017

သူမသည်

သူမသည် မြစ်တစ်စင်းဆိုလျှင် ပုံမှန် အချိန်များတွင် ငြိမ်ငြိမ် အေးအေးလေး စီးဆင်းနေသော မြစ်တစ်စင်းပင် ဖြစ်သည်။

သူမက တစ်ခါတစ်ရံတွင် ကျွန်တော့်အတွက် နံနက်ခင်း နေရောင်ခြည် နွေးနွေးဖြစ်ပြီး ပူပြင်းသော နေမင်း ဖြစ်သည့်အခါလည်း ဖြစ်သွားတတ်သည်။

သူမက ရံဖန်ရံခါတွင် မိုးစက် မိုးပေါက်တို့ဖြစ်ပြီး တစ်ခါတစ်ရံ မိုးသက်မုန်တိုင်း ဖြစ်တတ်သည်။

သူမက မီးနဲ့တူတတ်ပြီး ရေခဲနဲ့လည်း တူတတ်ပြန်သည်။

သူမက စိတ်မကြည်လင်တတ်လျှင်၊ စိတ်လိုလက်ရ မရှိလျှင် မီးသင့်တောင် တစ်လုံးဖြစ်ပြီး ထိုအခါမျိုးတွင် သူမကို တစ်ယောက်တည်း ထားခဲ့ခြင်းက သူမအတွက် ပိုလို့ကောင်းပါသည်။

ထိုအခါမျိုးမှာ သူမသည် ရေစီးကြမ်းတဲ့ မြစ်တစ်စင်း ဖြစ်သွားတတ်ပြန်ပါ သည်။

သူမ စိတ်ရှိသလောက် ကြမ်းတမ်းစွာ စီးဆင်းပြီးလျှင်တော့ သူမ မှားကြောင်းကို သူမ သနားစဖွယ် တောင်းပန် တတ်ပြန်ပါသည်။

တကယ်တော့ သူမသည် မိန်းမများ အားလုံးပင် ဖြစ်ပြန်တော့သည်။

သူမသည် ရန်ကုန်မြို့ ဖြစ်ပြီး ထို့နောက်တွင်တော့ ကျုံး၊ မြို့ရိုးနှင့် မန ္တလေး ဖြစ်တတ်ပြန်သည်။ဒါ့အပြင် အဝေးပြေးလမ်းမ တလျှောက်က မြို့အားလုံး လည်း ဖြစ်သည်။
ကျွန်တော့်အတွက်ကတော့ သူမသည် ကျွန်တော် တစ်ခါမှ မရောက်ဖူးသော နေရာဖြစ်ပေသည်။

မိုးသည်းသော ညများတွင် သူမသည် ကျွန်တော့်အတွက် အချစ်ကို ဖန်တီးတတ်ပြီး ကျွန်တော့်အား မှားယွင်းမှုများကို ထပ်ကာ ထပ်ကာ မှားစေတတ်ပြန်သည်။

တကယ်တော့ သူမ ဘယ်လိုဆိုတာ ရှင်းပြဖို့ မလိုအပ်လှပါဘူး။

သူမသည် လူသားတစ်ဦးပင်ဖြစ်သည့်အတွက် ဘဝတွင် အနိမ့်၊ အမြင့်၊ အတက်၊ အကျများရှိသလို သူမသည် အရာအားလုံး၏ အစွန်းဘက်လည်း ဖြစ်သည်။ သူမသည် စံထားပြုစရာ အရာအားလုံးပင်ဖြစ်ပြီး သူမကို မှန်းဆရ ခက်တတ်ပြန်သည်။

သူမသည် အဆိုးဆုံးဖြစ်တတ်ပေမယ့် ထိုမျှလောက်လည်း မဆိုးတတ်ပြန်။

သူမသည် ပျော်ရွှင်ဖွယ် အရာအားလုံးဖြစ်ပြီး ကျွန်တော်ရရှိခဲ့ဖူး သော ချစ်သူ အားလုံးလည်း ဖြစ်သည်။

ကျွန်တော့်အား ခံစားချက်များ အမျိုးမျိုးပြောင်းလဲစေတတ်သော၊ ရင်ဖိုလှိုက်မောစေတတ်သော သူမသည် သာမန်မိန်းမတစ်ယောက်ပင် ဖြစ်သော်လည်း သူမသည် ကျွန်တော့်အတွက်တော့ မိန်းမများ အားလုံးပင်ဖြစ်သည်။

Garth Brooks ၏ “She is every woman” ကိုပြန်လည် ခံစားရေးဖွဲ့ ပါသည်။

No comments:

Post a Comment