ဆေးကျောင်းတစ်ခု၏ စာသင်ခန်းတစ်ခုတွင် ဆရာက ဆေးကျောင်းသားများကို ရောဂါလက္ခဏာတစ်ခုကို ပြောပြလေသည်။
ထို့နောက် ထိုရောဂါမှာ ဘာဖြစ်နိုင်သလဲ ၊ ဘယ်လို treatment ပေးမလဲဟု ကျောင်းသားတစ်ဦးအား စာမေးရာ
ကျောင်းသားက ဆေးတစ်မျိုးအမည်ကို ဖြေလေသည်။
ဆရာက ဘာမျှ မပြောဘဲ ဆက်လက် စာသင်လေသည် ။ ကျောင်းသားက သူ ဖြေတာ မှန်မှ မှန်ရဲ့လားဟု အပြင်းအထန် စဉ်းစားကာ
သူ ဖြေတာ မှားမှန်းသိပြီးနောက် အဖြေမှန်ကို စဉ်းစားမိလေသည်။
ကျောင်းသားက လက်ထောင်ပြသောအခါ ဆရာက
"ဘာများလဲ အမောင်ကျောင်းသား" ဟုမေးသောအခါ
ကျောင်းသားက "ကျွန်တော်ခုနက ဖြေတာကို ပြန်ပြင်ချင်ပါတယ်။ လူနာကို ဒီဆေးပေးရပါမယ်ဆရာ" ဟု အဖြေမှန်ကိုပြောလေသည်။
ဆရာက လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက်
"ဝမ်းနည်းပါတယ် ...အမောင်ကျောင်းသား။ လူနာ သေဆုံးသွားတာ နာရီဝက်ရှိပါပြီ"
ဟု ပြောလိုက်လေသည်။
...............................................
No comments:
Post a Comment