Wednesday, 1 February 2017

ဘယ်တော့မှ နောက်မကျပါဘူး

နှစ်ဟောင်း တစ်ခု ကုန်ဆုံး သွားခဲ့ပြန်ပြီးတော့ နှစ်သစ် တစ်ခု ရောက်လို့လာပြန်ပါတယ်။  ကျွန်တော်တို့တွေရဲ့မိတ်ဆွေအချို့ က နှစ်စမှာတင် နောင်လာမယ့်နှစ် အတွက် လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ ၊ အစီအစဉ်တွေ ချမှတ ်ရေးဆွဲပြီးကုန်ကြပေမဲ့ အချို့ကတော့ ရုန်းကန် လှုပ်ရှားဆဲ အနေအထားမှာ လက်လျော့ အရှုံးပေးလိုက်ရခါနီးနီး အစွန်းအစပ်နားမှာ ဖြစ်နေပြီး နောက်လာမယ့်နှစ်မှာ အခြေအနေတွေ ပိုမ ိုကောင်းမွန ်လာဖို့ မျှော်လင့် ဆုတောင်း နေဆဲပဲ ရှိပါသေးတယ်။ 



    ကျွန်တော ်ပြောချင်တာက နှစ်တစ်နှစ ်ကုန်ဆုံးသွားပေမယ့် ကျွန်တော်တို့ ခင်ဗျားတို့မှာ  ဘဝ တိုက်ပွဲတွေ အတွက် နောက်ဆုံးကျည်ဆ ံတေ ွရှိနေနိုင်သေးတယ်။ နှစ်ဟောင်း အကုန်မှာ ရှိသလောက ်စွမ်းအား စုစည်ပြီး အားသွန်ခွန်စိုက ်ကြိုးစား ကြည့်လိုက်ဦးမယ်ဆိုရင် အောင်မြင်မှုကို တစ်ချက်တည်းနဲ့လည်း  ရနိုင်လာသေးတာပဲ။ ကျွန်တော်တို့ မမြင်နိုင် မသိနိုင်တဲ့ ကျွန်တော်တို့ရဲ့ ကံကြမ္မာက ကျွန်တော်တို့ကို အခွင့်အလှည့် ပေးကောင်းပေးနိုင်ပါတယ်။  



ကျွန်တော်ကောလိပ ်ကျောင်းသား ဘဝတုန်းက တွေ့ဆ ုံခင်မင ်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ အတန်းဖော် ရို့ စ် ရဲ့ အကြောင်းကို ပြောပြရင်း အောင်မြင်မှု ပန်းတိုင်က ိုရဖို့အတွက် အချိန် အသက်အရွယ် ဆိုတာ တကယ်တော့ အရေးမကြီးလှပါဘူး လို့

ကျွန်တော ်ပြောချင်ပါတယ်။ 



 ကျွန်တော် ကောလိပ်စတက်တဲ့ ပထမဦးဆုံးနေ့မှာပဲ ကျွန်တော်တို့ရဲ့  ပါမောက္ခ  က သူ့ကိုယ်သူ မိတ်ဆက်ပြီးတော့ ကျွန်တော်တို့အားလုံးကို ကျွန်တော်တို့ တစ်ခါမှမမြင်ဖူး မသိဖူးတဲ့ သူတစ်ယောက်န ဲ့မိတ်ဆက် ပေးချင်တယ် လို့ဆိုပါတယ်။   ကျွန်တော်တို့ တစ်တန်းလုံးလည်း စိတ်ဝင်စားသွားပြီး ပါမောက္ခ  က ကျွန်တော်တို့ကို ဘယ်သူနဲ့များ မိတ်ဆက်ပေးချင်တာပါလဲ လို့ သိချင်လာပါတယ်။ ကျွန်တော် မတ်တပ်ရပ်လိုက်ပြီး အနီးအနားကိုလှည့်ကြည့်လိုက်စဉ်မှာပဲ ကျွန်တော့် ပခုံးကိုနူးညံ့တဲ့ လက်တစ်ဘက်က လာတို့ထိတာကြောင့် ကျွန်တော်လှည့်ကြည့် လိုက်မိပါတယ်။ ကျွန်တော် တွေ့ရတာက အသားဖြူဖြူ ပိန်ပိန်ပါးပါး မျက်နှာမှာ ဇရာရဲ့ အလှ အရေးအကြောင်း အတွန့်တေ ွထင်နေတဲ့ အဖွားအို တစ်ဦးပါပဲ။ အဖွားအိုရဲ့ မျက်နှာမှာ ပြုံးနေပြီး အဲဒီအပြံုးက အဖွားအိုရဲ့အလှတစ်ပါးဖြစ်တယ်လို့ ကျွန်တော်ခံစားလိုက်မိပါတယ်။



  ဟိုင်း… အဖွားနာမည်က ရို့စ် ပါ။ အဖွားအသက် ၈၇ နှစ်ရှိပါပြီ။ အဖွား မင်းကိုနွေးထွေးစွာပွေ့ဖက်နှုတ်ဆက်ပါရစေ လို့ အဖွားအိုက သွက်လက်စွာပြောပါတယ်။ ကျွန်တော်လည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး အဖွားအို ရို့ စ် ကိုခင်မင်ရင်းနှီးစွာ ပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်။



ကျွန်တော်က  အဖွား ဒီလိုငယ်ရွယ်နုနယ်လှတဲ့အရွယ်မှာ ကျွန်တော်တို့ရဲ့ ကောလိပ်ကျောင်းကို ဘာလာလုပ်တာ ပါလဲခင်ဗျာ လို့နောက်ပြောင်ပြီးမေးလိုက်ပါတယ်။ 



 အဖွား ဒီကောလိပ်ကိုလာခဲ့တာ ချမ်းသာကြွယ်ဝပြီးချောမော တဲ့ ခင်ပွန်းလောင်းတစ်ယောက်လောက်ကိုများရှာတွေ့မလားလို့ပေ့ါကွယ်။ လက်ထပ်ပြီးရင် ကလေးတွေမွေးပြီး ခရီးသွားလာအနားယူမယ်လေကွယ်  လို့  ရို့စ် က ပြန်လည်နောက်ပြောင်ပါတယ်။ကျွန်တော်တို့ အားလုံး အဖွားအို ရို့စ် ရဲ့ စကားမှာ ပွဲကျ သွားကြပြီး ရယ်မောပျော်ရွှင်နေကြပါတယ်။   ကျွန်တော်သိချင်တာက ဘယ်လိုအရာမျိုးကတွန်းအားပေးလို့ အဖွား ရို့စ် က ခုလိုအသက်အရွယ်မှာကောလိပ်ကိုပညာသင်ကြားဖို့ရောက်လာခဲ့တာလဲ ဆိုတာပါပဲ လို့ ကျွန်တော်လည်းသိချင်စိတ်ကိုမချုပ်တည်းနိုင်စွာမေးမိပါတယ်။  အဖွားဟာကောလိပ်ကျောင်းသူအဖြစ်ပညာသင်ကြားရဖို့ကိုအမြဲစိတ်ကူးယဉ်အိပ်မက် မက်ခဲ့တယ်။ အခုတော့ အဖွားရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီပေါ့   လို့ အဖွား ရို့ စ် ကပြောပါတယ်။ 



ကျွန်တော်တို့တွေအားလုံး ကျောင်းသားများနားနေဆောင် ကို သွားကြပြီး ချော့ကလက်မစ်ရှိတ်ခ် တစ်ခွက်စီသောက်ကြပါတယ်။ အဖွားရို့စ် နဲ့ ကျွန်တော်တို့တွေ သူငယ်ချင်းတွေဖြစ်လာကြပြီး နောက် ၃လအကြာမှာတော့ တကယ့်ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေလို အတန်းအတူတက် ၊ အတန်းအတူလစ် ပြီး စကားတွေအဆက် မပြတ်ပြော ဖြစ်ကြပါတယ်။ အဖွားရို့စ် ရဲ့ ဘဝအတွေ့အကြုံတွေ နဲ့ ပညာရနိုင်တဲ့ စကားတွေဟာ ကျွန်တော့်အတွက်တော့ ကလေးငယ်တစ်ဦး ပုံပြင် တွေကိုနှစ်သက်စွာ နားထောင်ချင်သလိုမျိုးပါပဲ။ အဖွားရို့စ် ဖြတ်သန်းလာတဲ့ဘဝအတွေ့အကြံုတွေကိုနားထောင်ဖို့ကို ကျွန်တော်ဘယ်တော့မှမပျင်းပါဘူး။ 



စာသင်နှစ် ပထမနှစ်မှာပဲ အဖွားရို့စ် ဟာ ကျွန်တော်တို့ရဲ့ကောလိပ်မှာ လူသိများထင်ရှားတဲ့သူဖြစ်လာပြီး ရို့စ် သွားလေရာမှာ ခင်မင်သူ မိတ်ဆေ ွပေါ များလှပါတယ်။ ရို့စ် ဟာကောင်းကောင်းမွန်မွန်ဝတ်စားပြီး ရွှင်မြူးတဲ့အမူအယာ နဲ့ အမြဲတက်ကြွလန်းဆန်းနေပြီး အပြုံးကိုလက်ဆောင်အဖြစ်တွေ့တဲ့သူတိုင်းကိုပေးတတ်သူပါပဲ။ ကောလိပ်တစ်ခုလုံးကကျောင်းသူ ကျောင်းသားတွေဟာ ရို့စ် ကိုခင်မင်ကြပြီး အမြဲရင်းနှီးစွာစကားပြောကြပါတယ်။     



စာသင်နှစ်အကုန်မှာတော့ ကျွန်တော်တို့ရဲ့ ဘောလုံးအသင်းညစာစားပွဲမှာ ရို့စ် ကိုဖိတ်ကြားလိုက်ပြီး ကျွန်တော်တို့အတွက် မိန့်ခွန်းစကားပြောကြားပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီညစာစားပွဲညမှာ ရို့စ် ပြောသွားခဲ့တဲ့စကားတွေဟာ ကျွန်တော်တစ်သက်မမေ့နိုင်လောက်အောင်ပါပဲ။ ရို့ စ် က ကျွန်တော်တို့တွေအားလုံးကို သင်ခန်းစာတစ်ခုသင်ပြသွားပေးခဲ့တာပါ။   ရို့စ် က စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေရာယူလိုက်ပြိး ပရိသတ်ကိုနှုတ်ဆက်ပါတယ်။ ပြီးတော့ ကြောက်ရွံ့စိုးရိမ်တဲ့ အမူအယာ နဲ့



 ခွင့်လွှတ်ပါရှင်။ ကျွန်မ မိန့်ခွန်းပြောရမှာ စိုးရွံ့ထိတ်လန့်နေလို့ပါ။ ကျွန်မ ဟာ ဘီယာ ကို ကျွန်မရဲ့ကျန်းမာရေးအတွက်မသောက်တော့ဘဲ စွန့်လွှတ်ခဲ့ပေမယ့် ဒီညဝီစကီကတော့ ကျွန်မ ကိုသေစေလောက်ပါတယ်။ အဲဒီတော့ ကျွန်မပြောရမှာတွေမေ့သွားမှာစိုးလို့ ကျွန်မသိသလောက်ပဲပြောပါရစေ



လို့အရွှန်းဖောက်ပြီးပြောပါတယ်။ 



 ကျွန်တော်တို့အားလုံး ရို့စ် ရဲ့ ဟာသမှာ ရယ်မောကြစဉ် ရို့စ် က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ဆက်ပြောပါတယ်။



  ငယ်ရွယ်နုပျိုစွာနေထိုင်ဖို့ လှို့ဝှက်ချက် ၄ ချက်ရှိပါတယ်။ ပျော်ရွှင်ရမယ်။ အောင်မြင်မှုတွေ ရရှိရမယ်။ ရယ်မောရမယ်။ နေ့စဉ်နေ့တိုင်း ရယ်ရွှင်စရာဟာသတွေကိုရှာဖွေရမယ်။ ဒါတွေဟာ နုပျိုခြင်းရဲ့သော့ချက်ပါပဲ။ ကျွန်မတို့မှာ စိတ်ကူးယဉ်အိပ်မက်တွေရှိတယ်။ အဲဒီ အိပ်မက်တွေဆုံးရှုံးသွားရင် ကျွန်မတို့သေဆုံးသွားကြမှာပေ့ါ။ ကျွန်မတို့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ၊ လူတွေအများကြီး ဒီကမ္ဘာပေါ်မှာရှိတယ်။ တချို့ကသေဆုံးကွယ်လွန်သွားကြပြီ။ သူတို့မသိလိုက်တဲ့အချက်ရှိတယ်။ အဲဒါဘာလဲဆိုရင် အသက်အရွယ်အိုမင်းလာခြင်းနဲ့ ရင့်ကျက်လာခြင်းတို့အကြားမှာ ကြီးမားတဲ့ခြားနားချက်ကြီးရှိတယ် ဆိုတာပါပဲ။



တကယ်လို့ ရှင် ဟာ အသက်၁၉ နှစ်အရွယ်ရှိပြီး တစ်နှစ်ပတ်လုံးအိပ်ရာထဲမှာပဲလဲလျောင်းအိပ်စက်နေမယ်။ ဘဝအတွက် ၊ တစ်စုံတစ်ဦးအတွက် ရှင် ကိုယ်တိုင်အတွက် အကျိုးဖြစ်စေမယ့်အလုပ်တစ်ခုကိုမှ မလုပ်ဘူးဆိုရင်နောက်တစ်နှစ်အကြာမှာ ရှင်ဟာ အသက်တစ်နှစ်ထပ်ကြီးပြီး အသက်၂၀ ရွယ်ကိုရောက်လာတာပဲရှိမယ်။ ရှင်ဟာရင့်ကျက်မလာပါဘူး။ ကျွန်မဟာအခု ၈၇ နှစ်အရွယ်ရှိပြီ။ ကျွန်မ အိုမင်းနေပြီဆိုပြီးဘာမှမလုပ်ဘဲ အိပ်ရာထဲမှာပဲ အနားယူနေမယ် ။ ဘာမှမလုပ်ဘူး ဆိုရင် နောက်တစ်နှစ်မှာ ကျွန်မဟာ ၈၈ နှစ်အရွယ်ကိုရောက်လာတာပဲရှိမယ်။ ကျွန်မ ဟာတစ်နှစ်စာအိုမင်းလာပေမယ့် တစ်နှစ်စာရင့်ကျက်မလာနိုင်ပါဘူး။ လူတိုင်းဟာ အိုမင်းလာကြတယ်။ လူတိုင်းကတော့ရင့်ကျက်မလာကြပါဘူး။ ဒါ့ကြောင့် ဘဝမှာပြောင်းလဲဖို့အတွက် အခွင့်အရေးတွေကိုအမြဲရှာဖွေနေရမယ်။



ကျွန်မတို့ဟာ ဘယ်တော့မှနောင်တမရပါဘူး။ ကျွန်မတို့ဟာ ကျွန်မ တို့လုပ်ခဲ့တဲ့အလုပ်တွေအတွက်ဘယ်တော့မှနောင်တမရပါဘူး။ ကျွန်မတို့နောင်တရတာကတော့ ကျွန်မတို့မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေအတွက်ပါပဲ။ သေရမှာကိုကြောက်ရွံ့နေသူတွေဟာ အဲ ဒီလိုမျိုးနောင်တတွေနဲ့လူတွေပါပဲ   လို့ ရို့စ်ကပြောကြားသွားပြီး သူ့မိန့်ခွန်းကိုအဆုံးသတ်လိုက်ပါတယ်။



 ရို့ စ် ဟာ ကျွန်တော်တို့နေ့စဉ်နေ့တိုင်း အသက်ရှင ်နေထိုင် နိုင်အောင်လမ်းညွှန်သွားတာပါပဲ။   ကောလိပ်စာသင်နှစ်များအပြီးမှာ ရို့စ် ဟာ ကျွန်တော်တို့နဲ့အတူ ဘွဲ့နှင်းသဘင်အခမ်းအနားကိုတက်ရောက်ပြီး ဘွဲ့ယူပါတယ်။ ဘွဲ့နှင်းသဘင်အခမ်းအနားအပြီး တစ်ပတ်အကြာမှာတော့ ရို့စ် ဟာအိပ်ပျော်နေစဉ်မှာပဲ ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်။ရို့စ် ရဲ့အသုဘအခမ်းအနားကို ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ရို့စ်ရဲ့ အုတ်ဂူမှာ ဘယ်တော့မှနောက်မကျပါဘူး      (It’s Never Too Late.)     ဆိုတဲ့စာတန်းကိုထွင်းထုထားခဲ့ကြပါတယ်။ 



 Aaron Ho ၏ It’s Never Too Late  ကိုဘာသာပြန်ဆိုပါသည်။

No comments:

Post a Comment